မိတ္ထီလာရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ပို့ချမည်

မိတ္ထီလာ    ဒီဇင်ဘာ   

မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင်  ဒေသခံအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီးတစ်လကြာဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံအမျိုးသမီးငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေဖို့ရည် ရွယ်ပြီး အခြေခံစက်ချုပ်နည်းပညာသင်တန်းကို တစ်လကြာဖွင့်လှစ်ပို့ချပေးမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သင်တန်းကိုစတင်ဖွင့်လှစ်မှာဖြစ်ပြီး မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက် များနဲ့ကျေးရွာများမှ သင်တန်းသူ၂ဝဦးသင်တန်းတက်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပါတယ် ဟု အဆိုပါ အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ် ဦးသာဝက ပြောသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းအား မြို့နယ်အတွင်း ရပ်ကွက်များနှင့်ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များ စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်စသည် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ