မြောက်ဥက္ကလာပ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က နှစ်စဉ်ထုတ်ဝေ သည့် ဥက္ကလာပမဂ္ဂဇင်းအတွက် သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ယခုလအတွင်း ပြန်/ဆက်နှင့် ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show နှင့် မူးယစ်အသိပညာပေး Talk Show ဆောင်ရွက်မည့် အစီအစဉ်များ ဆောင်ရွက်ခြင်းကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ရန်ပုံငွေများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အစည်အဝေးကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မပျက်မကွက် တက်ရောက်ပေးစေလိုကြောင်း စာပေနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပိုမို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း