အလုံမြို့နယ်၌ အရန်မီးသတ်​လေ့ကျင့်​ရေး မွမ်းမံသင်တန်း ဖွင့်လှစ် ​ဆောင်ရွက်

အလုံ ဒီဇင်ဘာ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အရန်မီးသတ်​လေ့ကျင့်​ရေး မွမ်းမံသင်တန်း အမှတ်စဉ်(/၂၀၂၁)ကို ဒီဇင်ဘာ ရက်​နေ့၊ နံနက် ၉ နာရီ ခွဲအချိန်က ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ဖွင့်လှစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင်ရှေးဦးစွာ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသီဟစိုးက အဖွင့်အမှာစကား​ပြောကြားခဲပြီး မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးပြည့်ဖြိုးဟိန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်း များကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၆ရက်​နေ့မှ  ဒီဇင်ဘာ ၃၀ ရက်​နေ့အထိ ရက်သတ္တပတ် ()ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်​ပြီး သင်တန်းဖွင့်လှစ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်() ဗိုလ်မှူးဇော်​ဇော်နိုင်၊ အလုံမြို့နယ်မြို့မစခန်းမှူး ဦး​ကျော်​ဇေယျ၊ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား များ တက်​ရောက်ခဲ့​ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်