ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်      ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက် ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက စာရေးဆရာ ခင်စောတင့် ဘာသာပြန်သည့် “အမေဆောက်ခဲ့သော ရဲတိုက်ကြီးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက “အမေဆောက်ခဲ့သော ရဲတိုက်ကြီးများ”၊ ဦးသက်နောင်ဦး(ဓာတ်ပုံကျွမ်းကျင်-၂)က “ပရိယာယ်”၊ ဒေါ်ချိုမြင့်ကြည် (စာကြည့်တိုက် လက်ထောက်-၃)က “အဖေဆိုတာ”၊ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)က “မိတ်ကောင်းဆွေမွန်”နှင့် ဦးဘုန်းကျော်(အငယ်တန်း စာရေး)က “အလှကမ္ဘာမှာ နေကြည့်ပါ”၊ စသည့် စာရေးဆရာ ခင်စောတင့် ဘာသာပြန်သည့် “အမေ ဆောက်ခဲ့သော ရဲတိုက်ကြီးများ” မိသားစုမေတ္တာဖွဲ့ ရသစာစု များစာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေး ကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)