တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် ၂၀၁၉ ခုနှစ် စာပေဆုရ စာရေးဆရာကြီးများ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ ၂၀၁၉ ခုနှစ်-စာပေဆုရ စာရေးဆရာကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာပန်းမျိုးခင်မှ စာပေဆုရဆရာကြီးများအတွက် ဂုဏ်ပြုမိတ်ဆက်စကား ပြောကြားခဲ့ပြီး စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့မှ တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပေးခဲပါသည်။ ဆက်လက်၍ ၂၀၁၉-ခုနှစ် အမျိုးသားစာပေဆုရ ဆရာဘိုးလှိုင်၊ ၂၀၁၉-ခုနှစ် စာပေဗိမာန်စာမူဆုဒုတိယဆုရ ဆရာ မိုးမြင့်ဝင်း(မဟာဝိဇ္ဇာ)၊ ၂၀၁၉-ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆုရ (အတ္ထုပ္ပတ္တိစာပေဆု) ဆရာအောင်ကြည်ညွန့် (ပညာရေး) နှင့် ၂၀၁၉-ခုနှစ်ထွန်းဖောင်ဒေးရှင်း စာပေဆုရ(သုတပဒေသာစာပေဆု) ဆရာမောင်မြကျော်တို့အား ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ပြီး ၂၀၁၉-ခုနှစ် အမျိုးသားစာပေဆုရ ဆရာဘိုးလှိုင်မှ ကျေးဇူးတင်ဝမ်းမြောက် မုဒိတာစကားပြန်လည် ပြောကြားခဲ့ကာ အခမ်းနားပြီးမြောက် ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)