မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

မိုင်းရှူး   ဒီဇင်ဘာ   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊မိုင်းရှူး မြို့နယ်တွင်အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ရောဂါ ကူးစက်နေမှုကာလအတွင်း ရောဂကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါရောဂါကူးစက်မှု နှုန်းလျော့နည်းကျဆင်း နေပြီဖြစ်သည့်အတွက် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့သည်။

ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရခြင်းမရှိသေးသော ကျောင်းသား/ကျောင်းသူအချို့မှာလည်း မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်ကျောင်းအပ်နှံကြပြီး  ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမသုတ်)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)