ရွှေပြည်သာ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲ အထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ပီဗွီစီ)၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများ ထိုးနှံပေးခဲ့ပြီး ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ ကြောင်းနှင့်အဆိုပါ ကာကွယ်ဆေးထိုး ၊ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် ယနေ့ပြည်သူ့ဆေးရုံတွင် ကာကွယ် လာရောက်ထိုးနှံသည့် ကလေးဦးရေ (၂၇၅)ယောက် ရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)