ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

ရွှေပြည်သာ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦး‌ ရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးနိုင်ရေးအတွက်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမင်းသူအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ/ ကိုင်ဆောင် လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူ များအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှ ိဒေသတွင် အိမ်ထောင်စုစာရင်းနှင့်ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့်  နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားဆောင်ရွက် ပေးခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဦးစီးမှူးရုံးမှကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပြုလုပ်‌ပေးနိုင်ရန် ရည်ရွယ်၍  ရပ်ကွက်၊ ကျေးရွာများအရောက်   စာရင်းများကွင်းဆင်း ကောက်ယူ  ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း  ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူခြင်း၊ နိုင်ငံသာစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)