မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား Quarantine (၁၀)ရက်ပြည့်၍ မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး

မင်္ဂလာဒုံ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြား နိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစင်တာတွင် ထားရှိ၍ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓာတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများကို ထောက်ကြန့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စင်တာတွင် Quarantine (၁၀)ရက်ထားရှိ၍ ရက်ပြည့်ပါက မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန် အမျိုးသား(၁၄၂)ဦး၊ အမျိုး သမီး(၂၀)ဦး စုစုပေါင်း(၁၆၂)ဦးတို့ကို ယနေ့တွင် Quarantine (၁၀)ရက်ပြည့်၍ မိသားစုများရှိရာ မိမိတို့ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)