မြစ်ကြီးနား ဒီဇင်ဘာ ၆
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်း လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာနှင့် စက်ပြုပြင်ထိန်းသိမ်းနည်း နည်းပညာများကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် အခမဲ့လက်ဆင့်ပွား သင်တန်းများ ပို့ချပေးလျက်ရှိသည်။
တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှုးဦးအောင်မောင်းက ယခုဖွင့်လှစ် ပို့ချ ပေးသော သင်တန်းကို တက်ရောက်သင်ကြားမှုခံယူပေးပါသော သင်တန်းသူ/ သားများကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဌာနသည် ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ပြည်နယ်အတွင်းရှိ မိဘပြည်သူများအား ပြည်သူ့ဝန်ဆောင်မှုများအဖြစ် နည်းပညာသင်တန်းများကို အခကြေးငွေမယူဘဲ ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းတက်ပြီး လုပ်ငန်းထူထောင်လိုသူများအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်း မှတ်ပုံတင်များပြုလုပ်ပေးခြင်းနှင့် ဓါတ်ခွဲမှုများ ပြုလုပ်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဲဒီနောက် နည်းပြ ဦးခေါဆောင်နှင့် ဒေါ်မာမာလင်းတို့မှ ဒေသထွက် သစ်သီး ၀လံများ အလေ အလွင့် မရှိစေရန် လိမ္မော်သီးဖျော်ရည်၊ လိမ္မော်သီးခွံယို၊ လိမ္မော် juice - ဂျယ်လီcandy ၊ ပဲနို့၊ ကင်ဂျီ၊ ကြက်ဥမြေပဲပွကြော်၊ စာကလေးခွေကြော်၊ အားလူးကြော်၊ ငှက်ပျော်ကြော်၊ နာနာသီး syrup ၊ ချီပွန်ကိတ်၊ coke၊ ငှက်ပျော်ဝိုင်ပြုလုပ်နည်း အမျိုးမျိုးတို့ကို (၆.၁၂.၂၀၂၁)မှ (၁၀.၁၂.၂၀၂၁) အထိ ကချင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လိုသူများ၊ အသေးစား စက်မှုလက်မှုလုပ်ကိုင်လိုများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ပြည်သူများအတွက် မိသားစုအလုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ ဆင်းရဲမှု လျော့ကျစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယော်ဆောင်