ကျိုက်ထိုမြို့နယ်၌ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးရေး Physical  Fitness Dance သရုပ်ပြပွဲ

ကျိုက်ထို ဒီဇင်ဘာလ ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက Physical  Fitness Danceသရုပ်ပြပွဲကိုOnlineမှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။အဆိုပါPhysical  Fitness Danceဖြင့်သရုပ်ပြပေးခြင်းသည်လူကြီး ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်မျိုးဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် လူတိုင်းလိုက်ပါ လှုပ်ရှားကစားနိုင်သည့် ကစားနည်းဖြစ်၍ အကျိုးကျေးဇူးရရှိစေရန်Online မှတဆင့်  ပြသပေးခြင်းဖြစ်သည်။

Physical Fitness Dance သရုပ်ပြပေးမှုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်းနည်းပြများ ဦးဆောင်မှုဖြင့်  သင်တန်းသူလေးများက ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၀င်းမောင်