ဒီဇင်ဘာလူထုအားကစား ကျန်းမာရေးအထောက်အကူပြု(Myanmar Fitness Dance)စုပေါင်းကိုယ်လက်လှုပ်ရှားမှု မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မော်လမြိုင်     ဒီဇင်ဘာ    ၅

မွန်ပြည်နယ်တွင်ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ်(Myanmar Fitness Dance) စုပေါင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီကမော်လမြိုင်မြို့၊  စစ်ကဲ ကုန်းရပ်၊ ကမ်းနားလမ်း   ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ်ဝန်ကြီးများ၊    ဌာနဆိုင်ရာများအားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)သင်တန်းနည်းပြများနှင့် သင်တန်းသူများ၊အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။

စုပေါင်းကိုယ်လက်လှုပ်ရှားမှု  (Myanmar Fitness Dance)ကို အားကစားနှင့် ကာယပညာ  သိပ္ပံ (မော်လမြိုင်) မှသင်တန်းနည်းပြများက သင်တန်းသူများ၊ ဌာနဆိုင်ရာများအတွက် ကျန်းမာရေး အထောက်အကူပြုစေရန်နှင့်ကစားနည်းကိုစိတ်ပါဝင်စားစွာ လိုက်ပါကစားနိုင်အောင်သရုပ်ပြပေးရာတွင် ပါဝင်ကစားသူများသည်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စုပေါင်းလှုပ်ရှားကစားကြသည်။ 

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးသည် နိုင်ငံတော်ကအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာပြည်သူများ ကိုယ်ကာယကြံ့ခိုင်မှုရှိမှ သာကျန်းမာပျော်ရွှင်သောဘဝ ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအနေဖြင့် အားကစား နည်းများအလိုက် လိုအပ်သည်များကို  ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့အတူမော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်တွင်လည်း အများပြည်သူကိုယ်လက်ကျန်းမာ ကြံ့ခိုင် မှုရှိစေရေး  (Mawlamyine  Strand  Walking Street) အဖြစ်    အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်နှင့် လေကောင်း၊ လေသန့်ရရှိပြီး စိတ်လက်အပန်းဖြေစရာနေရာ  စီစဉ်ဆောင်ရွက် ပေးထားကြောင်းသိရသည်။ 

ဇာဖြူဝင်း(ပြန်/ဆက်)