တာမိုးညဲမြို့တွင်အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) (ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေးလျက်ရှိ 

တာမိုးညဲ     ဒီဇင်ဘာ      

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊တာမိုးညဲမြို့တွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက်()နာရီ အချိန်က တာမိုးညဲမြို့ အထကကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊မိသားစု

နှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးစေရန်ရည်ရွယ်၍ တာမိုးညဲမြို့တွင်ပညာသင်ကြားနေသောအသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူ(၁၀၈)ဦးတို့အားထိုးနှံပေးခဲကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါ ထိုးနှံပေးရာတွင် တာမိုးညဲမြို့တိုက်နယ်ဆရာဝန်ဒေါက်တာရှိန်ငှေးနှင့်ဝန်ထမ်းများက ကိုဗစ် စည်းကမ်းနှင့်အညီထိုးနှံပေးပြီးတာမိုးညဲမြို့အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ကြီးတာဝန်ခံနှင့်ဆရာ၊ဆရာမများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

(ခေါန်မိုင်)