ဘူးသီးတောင် ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူးဦးသန်းဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ( ၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အကျဥ်းဦးစီးဌာန အကျဥ်းထောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဉီးစွာမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူးဦးသန်းဇော်က မီးသတိမူရေး၊ ရှေ့ဉီးမီးငြိမ်သတ်နည်းစနစ်များနှင့်မီးဘေးကြိုတင်ကာကွယ်ရေးတို့ကိုအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်မီးငြိမ်းသတ်နည်းဖြစ်သောအောက်ဆီဂျင်ဖြတ်တောက်မီးငြိမ်းသတ်နည်း (ဖုံးအုပ်)၊ မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုမီးငြိမ်းသတ် နည်းစနစ်သရုပ်ပြသခြင်းပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ်အကျဥ်းဦးစီးဌာန ဝန်ထမ်းနှင့်မိသားစုဝင်များစုစုပေါင်း ( ၄၁)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ အခမ်းအနားများစဥ်ဆက်မပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှကျော် ( ပြန်/ဆက်)