တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာတွင် နွေစပါးတစ်ဧကတင်း(၁၂၀)ထွက်ရှိရေး ပညာပေး ဆွေး နွေး

တံတားဦး   ဒီဇင်ဘာ   ၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မီးသွေးတိုက်ကျေးရွာအုပ်စု အပြင်စံရပ် စိတ္တသုခ ဓမ္မာရုံ၌ နွေစပါး တစ်ဧကတင်း(၁၂၀)ထွက်ရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ကျင်းပကြောင်း သိရသည် ။

ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က စပါး များ ပျိုးထောင်ရာတွင် မျိုးစေ့ တစ်ဧကကို (၁)တင်းပျိုးထောင်ရေး ၊ နွေစပါးမစိုက်ပျိုးမီ သဘာဝ မြေဆွေးနှင့် မြေဩဇာတို့ကို ရောနှောကြဲပတ်သင့်ရေး ၊ ဒါ့အပြင် ရေသွင်း ၊ ရေထုတ်စနစ်မှန်ကန်ရေး ၊  ပျိုးထောင်ရာတွင် တစ်ဧကအတွက် ဘောင်အကျယ်အနံ(၃)ပေ ၊ အလျား(၈၄၀)ပေ ရှိပါကြောင်း ပြော ကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးဇော်က မြေဩဇာ သုံးစွဲနည်းမှန်ကန်ရေး နှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်မေမြတ်သူက လမ်းဘေးဝဲယာရှိ လယ်မြေများ  တစ်ဧက တင်း (၁၂၀)ထွက်ရှိရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာအုပ်စု မီးသွေးတိုက်ကွင်းတွင် မြစ်ရေတင်စိုက်ပျိုးရန် (၂၅) ဧက နှင့် မုရင်းစပါးစိုက်ပျိုးရန်ဧက(၉၀) စုစုပေါင်းဧက(၁၁၅)ဧက စိုက်ပျိုးရန် လျာထားပါကြောင်း ၊ အဆိုပါ လျာထားဧကများကို မြစ်ရေတင်စီမံကိန်းဖြင့် အကောင်းအထည်ဖော်ဆောင်ရွက်သွားဖြစ်ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ တောင်သူပေါင်း(၃၀)ဦး တက်‌ရောက်ကြကြောင်း မြို့နယ်ဦးစီးမှူ ဦးကျော် ကျော်ညွန့်ထံမှ သိရသည်။

ရဲတင့်(တံတားဦး)