မိုင်းခုတ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန က ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးငယ် များအတွက် ပျော်ရွှင်စရာ Game ကစားနည်းပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကလေး ငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဉီးနှင့်တစ်ဉီး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့် နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာ တစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ Game ကစားနည်းပြိုင်ပွဲများတွင် စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ ပူပေါင်းညှပ်ပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲများပါဝင်ပြီး ကလေးငယ်(၁၂)ဉီးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများ က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း