ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ တွံ​တေး၌ကွင်းဆင်း ဆောင်ရွက်ပေး

တွံတေး ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က စမ်းရွာကျေးရွာနှင့်ထော်သိုကျေးရွာရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို 

၂၀၂၁ ခုနှစ် မေ( )ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ( ၇၃)အုပ်စုတွင် အသက်( ၁၆)နှစ်မှ( ၁၈)နှစ်ကြားပြည်သူများနှင့် အသက်( ၁၈)နှစ်အထက်ပြည်သူများကိုပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရမည့် လူဦးရေ စုစုပေါင်း( ၂၁၈၄၇)ဦးအနက် ယမန်

နေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပြီးစီးသူ( ၈၇၃၅)ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျေးရွာအုပ်စု( ၅၅)အုပ်စုအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာ အုပ်စု ( ၁၈)အုပ်စုကိုလည်း ဆက်လက်ဆောင်းရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်