ရန်ကုန် ဒီဇင်ဘာ ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက၊ လှည်းတန်းစင်တာ၊ သင်ကြားရေးစင်တာအခန်း(၂) ဒုတိယထပ်၌ (၇၇)ကြိမ်မြောက် စာဆိုတော်နေ့စာအုပ်လူဒါန်းပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါလှုဒါန်းပွဲသို့ စာရေဆရာမကြီးဒေါ်ရွှေကူမေနှင်း၊ကဗျာဆရာမမအိ၊အလှုရှင်များ၊စာပေဝါသနာရှင်များနှင့်Hledan Community PubLic Libraryမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဆရာမကြီးမှ စာအုပ်လှုဒါန်းရခြင်းနှင့် ပတ်သက်၍အမှာစကားပြောကြားပြီး ဆရာဦးအောင်သန်းနှင့် ဆရာမကြီးဒေါ်ရွေကူမေနှင်းတို့မှ Helden Community Public Library သို့ စာအုပ်များပေးအပ်လှုဒါန်းရာ စာကြည့်တိူက်မှုးမှ စာအုပ်များလက်ခံရယူပြီး ကျေးဇူးတင်ဂုဏ် ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကဗျာဆရာမ မအိမှ စာဆိုတော်နေ့ပေါ်ပေါက်လာပုံနှင့် စာဆိုတော်နေ့ဆိုတာ မြန်မာမှာရှိတာပါ၊ ရှေးကရှိခဲ့တဲ့ စာဆိုတော်ကြီးတွေကို ဂုဏ်ပြုတဲ့နေ့လည်း ဖြစ်ကြောင်း၊စာပေနဲ့ပူဇော်ခြင်းဖြစ်ကြောင်း၊စာပေကိုမေ့လျှော့ နေသူများကို လှုပ်နှိုးခြင်းဖြစ်ကြောင်းနှင့် မျိုးဆက်သစ်လူငယ်များကို စာပေစိတ်ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်းကို ဆရာမကြီးရွှေကူမေနှင်း၏ လူချင်းတွေသလိုပြောလိုက်ပါရစေဆောင်းပါးအား စာပေမိတ်ဆက် စကားအဖြစ် ပြောကြားပေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားကို ကိုဗစ်- ၁၉ရောဂါကာလ လမ်းညွန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်/ပြန်ဆက်