တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက်    Mask Campaign ဆောင်ရွက်

တောင်ဥက္ကလာပ  ဒီဇင်ဘာ   ၅

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ငွေယမုံဈေး၊ နန္ဒဝန်ဈေးနှင့် လူအများသွားလာရာလမ်းဆုံလမ်းမများ တစ်လျောက် လမ်းသွား လမ်းလာပြည်သူများ၊ ဈေးဝယ်/ဈေးရောင်း ပြည်သူများအား Mask များကိုအခမဲ့ဖြန့်ဝေ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းကိုသတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျ တပ်ဆင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရော ဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့် ပြန်ရေးကော်မတီ ဥက္ကဠ ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များ ၊စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဈေးတာဝန်ခံများပူးပေါင်း၍နှာခေါင်းစည်းအခုရေ ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဈေးရောင်ဈေးဝယ် ပြည်သူများအား ကျန်းမာရေး လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)