မြစ်သား ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ရွာခိုင်ကြီး ကျေးရွာ မှ တောင်သူ ဒေါ်အေးအေးမာ ကွင်းအမှတ်၆၂၅(က)ရှိ၊ ဦးပိုင် (၁၉/၁)ဧရိယာတွင် စိုက်ပျိုးထားသော ၂၀၂၀-၂၀၂၁ခုနှစ်မိုးစပါး(ဧရာမင်း) RS to CS မျိုးသန့် မျိုးစေ့ ထုတ် စံပြကွက် (၅)ဧကအား ယနေ့နံနက် (၁၀)နာရီက စံကွက်ရိတ်သိမ်းပွဲ ကျင်းပ ခဲ့ကြောင်းသိရသည်။
စံကွက်ရိတ်သိမ်းရာသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစိုးနှင့်ဝန်ထမ်းများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင် တင်ထွန်းနှင့် ဝန်ထမ်း များ၊ မျိုးသန့်မျိုးစေ့ထုတ် စံပြကွက်တောင်သူများနှင့် ဒေသခံတောင်သူများ တက်ရောက် လေ့လာခဲ့ကြရာ အဆိုပါ ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် စံကွက်ရိတ် သိမ်းရာတွင် (၁) ဧကစပါးအစို တင်း ၈၀နှင့် ၁၀၀ ကြားထွက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ်၊ မိုးစပါးရာသီတွင် စပါးစိုက်တောင်သူများအတွက် စပါးမျိုး ကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက စိုက်ပျိုးရေး ကုမ္ပဏီများမှ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းဘေးကျားစသည့် စပါးမျိုးများကို မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧကပေါင်း(၈၈၇.၅)ဧက စိုက်များထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြမြမမွန်