လယ်ဝေးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်  Talk Show ကျင်းပ

လယ်ဝေး  ဒီဇင်ဘာ    ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အားလုံးအကျုံးဝင် လက်လှမ်းမီ ပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင် ကြိုးစားပေး ခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Showတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က မသန်စွမ်း၏အဓိပ္ပာယ် မသန်စွမ်းသူ စာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ အလုပ်ကိုင်ရရှိမှု အခြေအနေ၊ မသန်စွမ်းသူများအား ခွဲခြား ဆက်ဆံမှုများ ကမ္ဘာကျော်သည့် မသန်စွမ်းပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံမှ မသန်စွမ်းပုဂ္ဂိုလ်များအကြောင်း မသန်စွမ်းသူများအနေဖြင့် အားငယ်စိတ်မရှိဘဲ ဘဝကိုအောင်မြင်စွာရုန်းကန် လှုပ်ရှားနေမှုအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာရေး Talk Showများ၊ စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ရွှေသွေးကာတွန်း အစီအစဉ်များကို Online မှ ရိုက်ကူးထုတ်လွှင့်ပေးလျှက်ရှိပြီး ယခုကျင်းပသည့် Talk Show အစီအစဉ်ကိုလည်း  We Love Leiway Pageမှ နှစ်ပိုင်းခွဲ၍ တင်ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)