မောင်တော ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က သက်ငယ်မုဒိမ်း ဖြစ်ပွားရသည့် အခြေအနေများ ၊ အကြမ်းဖက်မှုကိစ္စရပ်များ ၊ လက်ရှိမြန်မာ နိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှု တုန့်ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး) ၊ ပြစ်ဒဏ်များ ၊ အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြား ဆက်သွယ်ရမည် နေရာများ ၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသ ပြောကြားခဲ့ပြီး အသိပညာပေး ဆွေးနွေးပွဲသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေး ပညာသင်တန်း ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်နှင့် ဝန်ထမ်းများ၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် တက်ရောက်သင်ယူနေကြသော သင်တန်းသူ (၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)