မြစ်ကြီးနား ဒီဇင်ဘာ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားတက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသား၊ ကျောင်းသူအဆောင်များနှင့် စာသင်ဌာနများအတွင်း သန့်ရှင်းသာယာ လှပရေးနှင့် တက္ကသိုလ်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ယ နေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်သို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များက ကျောင်းသား/ ကျောင်းသူအဆောင်များဖြစ်သည့် ဆွမ်ပရာဘွမ်ဆောင်၊ ဆဒုံးဘွမ်ဆောင်၊ အင်ခိုင်ဘွမ် အဆောင် ပတ်ဝန်းကျင်များနှင့် ရုက္ခဗေဒဌာနတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူသိမ်း ဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး တက္ကသိုလ်ပတ်ဝန်းကျင် သာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ပြည်နယ် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)