မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မိုင်းလုံ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် သွားရောက် ငှားရမ်းပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို ယူဆောင်ပြီး အလယ်ရပ်ကွက်အတွင်းရှိ ပြည်သူများကို သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)