သံဖြူဇရပ်မြို့နယ် ​​ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက် ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

သံဖြူဇရပ်  ဒီဇင်ဘာ  ၄

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ​မြို့ ​ အောင်ပင်လယ်ရပ်ကွက်၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုး ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ သံ​​ဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်၌ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၃ (က) တွင် ကျား (၉) ဦး၊ မ (၉) ဦး၊ အသက် ၁၈နှစ် နှင့်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၆ (က)တွင် ကျား (၂၂) ဦး၊ မ (၁၉) ဦး၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်လဲလှယ်တွင် ကျား(၂၀)ဦး၊မ(၂၂)ဦးနှင့် ပျောက်ဆုံး ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၈)ဦး၊ မ(၈)ဦးတို့အား ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း (၁၁၇) ဦးအား နိုင်းငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး သံဖြူဇရပ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပြုလုပ်ရန် ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)