မိုင်းလုံမြို့၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပ

မိုင်းလုံ   ဒီဇင်ဘာဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးနေ့ ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းတွင် နမ့်ပိန်ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မြို့မိမြို့ဖများက ဦးဆောင်၍ ကျင်းပခဲ့သည်။

အဆိုပါ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးနေ့ကို ကြိုဆိုရာ ယမန်နေ့ ညပိုင်းအချိန်တွင် မိုင်းလုံမြို့နေ လူငယ်များကို ရပ်မိရပ်ဖများက ဦးဆောင်ပြီး  ည (၁၂:ဝဝ) အချိန်၌ ရှမ်းအလံတင်ကာ အလေးပြု၍ ရှမ်းနှစ်သစ် (၂၁၁၆) နှစ်ကို ကြိုဆိုခဲ့ပြီး  ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ လူကြီးများ၊ မြို့နေပြည်သူများ၊ အနီးအနားရှိကျေးရွာနေ ရပ်မိရပ်ဖများကို ဖိတ်ကြား၍ နံနက်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ကြိုဆိုပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေနည်းလမ်းနှင့်အညီ အကျဉ်းချုပ်ဆောင်ရွက် ခဲ့ကြောင်းကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။

ဇော်ဇော် (ပြန်/ဆက်)