မြန်မာ့ရိုးရာခြင်းလုံး အားကစားပွဲပြုလုပ်

ရမည်းသင်း ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် Youth Club အသင်းတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာ့ရိုးရာ အားကစားနည်း တစ်မျိုးဖြစ်သည့် ရိုးရာခြင်းလုံးခတ်အဖွဲ့မှ ရိုးရာခြင်းအလှခတ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ရိုးရာခြင်းခတ်ခြင်းကို တိမ်ကောပျောက်ကွယ် မသွားစေရန် ဝါသနာရှင် ခြင်းအသင်းအဖွဲ့များမှ နေ့စဉ်လေ့ကျင့်လျက်ရှိပြီး မျိုးဆက်သစ်ခြင်းအသင်း အဖွဲ့များကိုလည်း ရိုးရာခြင်းလုံး အခြေခံပညာများဖြစ်သည့် ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖဝါး၊ ဖနှောင့်နှင့် ဖမျက်တို့ကို ပညာရှင်တို့က လေ့ကျင့်သင်ကြားလျက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး က အချိုရည်ဘူးနှင့် ဓါတ်ဆားထုတ်များ ပေးအပ်ခဲ့ကြောင်း သိသည်။

ရိုးရာခြင်းခတ်ခြင်းသည် ကျန်မားရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်း တစ်မျိုးဖြစ်ကြောင်းနှင့် ယခုလိုခြင်းကွင်းကို ဖောက်လုပ်ပေးခြင်းဖြင့် ဝါသနာရှင်များ အချိန်မရွေး  လွတ်လပ်ပျော်ရွှင်စွာ. လေ့ကျင့်ကစားနိုင်ရေး စီစဉ်ပေးထားသည့်အတွက် ဝမ်းသာပါကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)