နမ္မတူ ဒီဇင်ဘာ ၄
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ဒဏ်ငွေရိုက်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် မြို့မဈေးအနီးရှိ လူစည်ကားရာ လမ်းမများ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသည့် ဒေသခံပြည်သူ(၂၁)ဦးအား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေကာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှစ်ခုပေး၍ (၅၀၀)ကျပ်နှုန်းဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ် စနစ်နဲ့ ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)