မော်လမြိုင်ခရိုင်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ဆောင်ရွက်

မော်လမြိုင်     ဒီဇင်ဘာ     ၄

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်(Talk Show)ကျင်းပ ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး  မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးစောအောင်သိန်းတင်က  မသန်စွမ်းသူများနေ့ ပေါ်ပေါက်လာပုံ၊ ပြည်နယ်အတွင်း မသန်စွမ်းသူများ အသင်းအနေဖြင့် လက်ရှိဆောင်ရွက်နေမှုများ၊ နိုင်ငံတော်မှမသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးမှုများနှင့် မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်းကောင်း၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးငြိမ်းအေးက မသန်စွမ်းသူများ၏  ကျန်းမာရေးအခန်းကဏ္ဍနှင့်စပ်လျဉ်း၍  အသေးစိတ်ဆွေးနွေးပေးသည်။

အဆိုပါ အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲများ  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းသည် ပြည်သူလူထုအတွင်း အသိပညာဗဟုသုတတိုးပွားရရှိစေရန်နှင့်  စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)