ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပေး ကြေညာလျက်ရှိ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ မရှိသလောက် နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လမ်းညွှန် ချက်များ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာ‌ ရောက်ထိုးနှံရေး အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လိုက်လံကြေညာပေးရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့် ဝန်ထမ်းများက “ယခုအခါတွင် အခြားပြည်ပ နိုင်ငံများတွင် ဗီဇ‌ပြောင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည် Mask စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေ အခွာမှ နေရန်၊ Mask တပ်ဆင်ခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ရှားရန်၊ လူစုလူဝေးပြုလုပ် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာ ခဏဆပ်ပြာ ဖြင့် စက္ကန့် ၂၀ကြာ စနစ် တကျဆေးကြောရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် မြို့နယ်အတွင်း  ယခုအခါ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်ဆေးထိုး အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် မဖြစ်မနေ လာရောက် ထိုးနှံရေးနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ရေးတို့ကို လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)