ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၆၈၀၀)ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

မောင်တော  ဒီဇင်ဘာ  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား တတိယအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား တတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက  နိုင်ငံဝန်ထမ်း ၁၁ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၁၃ ဦး ၊မှီခိုသူ ၁၉၅ ဦး၊ မသန်စွမ်းသူများ ၁ ဦး စုစုပေါင်း ၄၂၀ ဦးအား  ဆက်လက် ထိုးနှံ ပေးခဲ့ရာ  ကာကွယ်ဆေး ထိုးနှံပြီးသူစုစုပေါင်း (၆၈၀၀)ဦး အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)