နမ္မတူ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိရသည်။
မောင်ကောင်းသန့်ဇင် (ပန်ဟိုက်ရပ်ကွက်-၄)
ကျွန်တော်နာမည်ကတော့ မောင်ကောင်းသန်ဇင်ပါခင်ဗျား၊ အသက်က(၁၈)နှစ်ဖြစ်ပြီး၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၄)မှာနေပါတယ်၊ ကျွန်တော်ကတော့ မေတ္တာရှင် လူမှုကူညီရေး အသင်းက ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်၊ ကျွန်တော်တို့ အသင်းအနေနဲ့ နမ္မတူမြို့နယ်အတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ပူးပေါင်းပြီးတော့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက် နေပါတယ်၊ ဒီကိုဗစ်ပိုးမတွေ့ခင် ကျွန်တော်က ပြည်သူ့ဆေးရုံကုသရေး စင်တာမှာ ပိုးတွေ့လူနာတွေ လိုအပ်တာတွေကို ကူညီဆောင်ရွက် ပေးရပါတယ်၊ အဲ့လိုကူညီဆောင်ရွက်နေရင်း တစ်ရက်မှာ ဒူးဆစ်တွေကိုက်ခဲလာပြီး၊ တစ်ကိုယ်လုံး ညောင်းကိုက်လာတယ်၊ အဲ့တာနဲ့ ပြည်သူ့ဆေးရုံကုသရေး စင်တာမှာ RDT Test Kit ဖြင့်စစ်ဆေးလိုက်တော့ ကိုဗစ်ပိုးတွေ့ရှိရတယ်၊ အဲ့လိုပိုးတွေ့ရှိပြီး ညနေပိုင်းလောက်မှာပဲ အနံ့ပျောက်သွားတယ်၊ အရသာပျောက်တာတော့ မပျောက်၊ အစားပျက်တာတော့မဖြစ်ဘူး၊ ဆေးတော့ တစ်ရက်ကို တစ်ကြိမ် ဆေးသုံးလုံးလောက် သောက်ရပါတယ်၊ ငါးရက်လောက်အကြာ ဆေးသောက်ရတယ်၊ အဲ့လိုပိုးတွေ့ပြီး ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့ အညီနေထိုင်ပြီး ပိုးတွေ့လူနာတွေ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးရင်းနေတာ တစ်လကြာတယ်၊ ပြီးတော့ကုသရေး စင်တာကဆင်းပြီး အမှတ်-၁ အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းရှိ စောင့်ကြည့်စခန်းမှာ စောင့်ကြည့်(၁၀)ရက်နေရတယ်၊ နောက်ပြီးတော့ အသင်းကိုပြန်လာပြီး ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးပါတယ်၊ ကိုဗစ်ပိုး မတွေ့ရှိခင် ကျွန်တော်ကတော့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးပါပြီ၊ အဲ့ဒါကြောင့်ထင်တယ် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မခံစားရပါဘူး၊ ဒါကြောင့် မြို့နယ်တွင်းရှိ ပြည်သူတွေကို ပေါ့ပေါ့ဆဆမနေပဲ ဂရုတစိုက်နေထိုင်ပြီးတော့ ကိုဗစ် ကာကွယ်ဆေး အပြည့်အဝထိုးနှံကြဖို့၊ ပြီးတာ့အပြင်ထွက်ရင် Mask တပ်ပြီး၊ အိမ်ပြန်ရင်လည်း လက်ကို စနစ်တကျ ဆေးဖို့နဲ့ ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျား။
လူမော် (ပြန်/ဆက်)