ကျောက်ဆည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဘေးကင်းလုံခြုံ စိတ်ချမှုရှိသော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ကျောင်းသား၊ ကျောင်းသူများ အသိအမြင်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ စွန့်ပစ်အမှိုက် လျော့ကျစေမည့် နည်းလမ်းသုံးသွယ်စသည့် အကြောင်းအရာများနှင့် ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်မှ ဘေးအန္တရာယ် ဖြစ်စေသည့် ဓာတုပဗေဒစွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်ထွက်ရှိသည့် အရင်းအမြစ်များ၊ စွန့်ပစ်အမှိုက် အမျိုးအစားများစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ရည်မွန်ထွေးမှ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို အသိပညာပေး ဟောပြောပြီး တက်ရောက် လာသော ကျောင်းသား ကျောင်းသူများအား စွန့်ပစ်ပစ္စည်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး