သီပေါမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိ

သီပေါ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြားအောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍   ယနေ့နံနက်ပိုင်းအထိ အောက်ဆီဂျင်(၄၀) လီတာဆံ့အိုး (၃၈၀၆)လုံး ထုတ်လုပ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်အိုးများအနက် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ (၂၉၉၆)အိုးလုံး အခမဲ့ထုတ်လုပ်ပံ့ပိုး ပေးနိုင်ခဲ့ပြီး၊ ပြင်ပမှလာရောက် လဲလှယ်ဖြည့်သွင်းသည့် (၇၁၄)အိုးအား တစ်အိုးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လဲလှယ်ဖြည့်သွင်း ပေးနိုင်ခဲ့ကြောင်း၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံအတွက် လုံလောက်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ အောက်ဆီဂျင် လိုအပ်သည့် နမ့်လန်၊ နောင်ပိန်ကျေးရွာများသို့လည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ စက်ရုံပုံမှန် လည်ပတ်နိုင်ရေးအတွက် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုများအပြင် လူမှုကွန်ယက် စာမျက်နှာတွင် Free Oxygen Hsipaw Page   တည်ထောင်၍ ရံပုံငွေများရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)