မော်လမြိုင်၌ မီးဘေးအန္တရာယ် လုံခြုံမှုရှိရေးအသိပညာပေး နှိုးဆော်

မော်လမြိုင်   ဒီဇင်ဘာ ၄

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ပြည်သူများမီးသုံးစွဲရာတွင် ကြိုတင်ကာကွယ် သတိပြု လိုက်နာကြစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)စျေးတို့တွင် မီးဘေးအန္တရာယ် လုံခြုံရေးအသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်ပြီး ဝန်ထမ်းများက ယခုအခါ လေပြင်းများတိုက်ခတ်ပြီး ခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုပြီပါကမီးခလုတ်သေချာစွာပိတ်ရန်၊ ဖုန်းအားသွင်း ခြင်းများမှ အပူလွန်ကဲမှုဖြစ်ပေါ်နိုင်သည့်အတွက် သတိထားဆောင်ရွက်ကြရန်၊ ခြင်ဆေးခွေမီးများ၊ လျှပ်စစ်ဝါယာကြိုးများအား သေချာစွာ စနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် စသည့်အသိပညာပေးခြင်းများအပြင် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့် ထားရှိဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)