ကျိုက်ထိုမြို့၌ စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြော

ကျိုက်ထို ဒီဇင်ဘာ    ၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောရာတွင် စာဆိုတော်နေ့အား ကျောင်းသား/သူများ၊ လူငယ် လူရွယ်များနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြီး စာရေးဆရာ ဦး၀င်းရွှေ  ကလောင်အမည် (လေးလေး-ကျိုက်ထို)က နတ်တော်လဆန်း တစ်ရက်နေ့တွင် ကျရောက်သည့်   စာဆိုတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာဆိုတော် ဝေါဟာရ အကြောင်းကို လည်းကောင်း၊ စာဆိုတော်နေ့ အထိမ်းအမှတ် ဖြစ်ပေါ်လာပုံ အကြောင်းကို လည်းကောင်း၊ စာဆိုတော်နေ့ အခမ်းအနားများ အဆင့်ဆင့်ပြုလုပ် ကျင်းပခဲ့ပုံအကြောင်းကို လည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်းမော်(ကျိုက်ထို)