မောက်မယ်မြို့နယ် စည်ပင်သာယာစျေးအတွင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ

မောက်မယ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်−၁၉ ကူးစက်ရောဂါပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ စျေးရောင်းချသူများအား စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင် သာယာမြို့မစျေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ စျေးရောင်းစျေးဝယ် ပြည်သူများအား  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ် ကိုဗစ်−၁၉ ကော်မတီ လမ်းညွှန်ချက်များနှင့်အညီ ကူးစက်ရောဂါပျံနှံ့မှုအား ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် Mask  များကို စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)