မိုးနဲ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ မြို့မဈေးကြီးအတွင်းသို့ ဈေးရောင်းချသူများနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ဈေးအတွင်းမဝင်ရောက်မီ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း နှာခေါင်းတို့ဖတ် RDT စစ်ဆေးပြီးကြောင်း ကတ်ပြား ယူဆောင်လာမှသာ ဈေးအတွင်း ဝင်ရောက် ဝယ်ယူရောင်းချခွင့်ပြုခြင်းတို့အပြင် တစ်ပတ်လျှင် ဈေးကြီးနေ့ တနေ့သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးမှုပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ ပူးပေါင်း ကြီးကြပ်မှုများဖြင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများကို ဈေးအတွင်းမဝင်ရောက်မီ နှာခေါင်းစည်း mask တပ်ဆင်ပြီးမှ ဝင်ရောက်စေခြင်း ၊ ဈေးဝယ်ယူရာနှင့်ရောင်းချရာတွင်လည်း နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ဈေးရောင်းသူ ဝယ်သူများထံမှ ဝယ်ယူခြင်းရောင်းချခြင်း မပြုပါရန် အစရှိသည့် စည်းကမ်းချက်များနှင့်အညီ ဈေးအဝင်ဝတွင် mask တပ်ဆင်လာခြင်းမရှိသူနှင့် ဟောင်းနွမ်းနေသူများကို နှာခေါင်းစည်း mask အခမဲ့ပေးဝေခြင်းအပြင် ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသူများကိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)