ချောင်းဆုံ ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့မအမှတ်(၁)ဈေး ချောင်းဆုံအနောက် အောက်လမ်း လမ်းပေါ်ရှိ လမ်းမြေတွင်ရောင်းချနေသည့် ပျံကျဈေးဆိုင်များအား ယခင်ဈေးရောင်းချနေသည့် ဈေးဆိုင်ခန်းပိုင်ရှင်များကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိုင်ခန်းနေရာများအား မဲစနစ်ဖြင့် ပြန်လည် နေရာချပေးသွားမည်ဖြစ်ရာ အဖွဲ့အခွင့်အရေး သားသတ် လိုင်စင် ဝက်၊ အမဲအသား ရောင်းဆိုင်မှအပ ကျန်ပျံကျဈေးသည်များအား အသား/ငါးအရောင်း ဆိုင်တန်း(၅၁)ကွက်၊ ကုန်စိမ်း (၈၀) ကွက်နှင့် အခြား(၁၄၅)ကွက်ဖြစ်ခွဲ၍ စုစုပေါင်း (၂၇၆)ခန်းအား မဲနှိုက်စနစ်ဖြင့် နေရာချ ပေးလျက်ရှိကြောင်းသိရသည်။
ဈေးဆိုင်ခန်းများကို ပွင့်လင်းရာသီတွင် စနစ်တကျ နေရာချထားနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မဟာကန်တော်ကြီးရှေ့ မြေကွက်လပ်သို့ ဒီဇင်ဘာ(၄)ရက်နေ့မှစတင်ပြီး ဈေးအားရွေ့ ပြောင်းသွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင် သာယာရေး အဖွဲ့များ တွေ့ဆုံပြီး ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြောင်းရွေ့ရခြင်း ဖြစ်ကြောင်း၊ ယခင်ဈေး၏ တည်နေရာကတော့ လမ်းဘေးမှာ ရောင်းချရခြင်းဖြစ်ပြီး ဈေးသည်များ က ပိုမိုများပြားလာသည့်အတွက် နေရာထိုင်ခင်း အခက်အခဲတွေ ရှိလာခြင်းကြောင့် ရောင်းသူများ နှင့်ဈေးဝယ်သူများ အတွက်ပါ အခက်အခဲများ တွေ့နေရခြင်းကြောင်း ဈေးပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ဈေးခေါင်း-၄ ဦးဇော်ဝင်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)