ညောင်ဦး ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ရုံးမြေနေရာအဖြစ် အသုံးခဲ့သည့် နေရာအား မူလတောင်သူများ လက်ဝယ်သို့ လျော်ကြေးငွေပေးအပ်ခြင်းအား ညောင်ဦးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒေါ်ခင်ခင်လင်း(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က တောင်သူများ လက်ဝယ်အရောက် ဌာနများက ရုံးမြေနေရာ အသုံးခဲ့ခြင်းအတွက် မူလတောင်သူများအား လျော်ကြေးငွေပေးပြီးသည့် ဌာနများလည်းပေးပြီးဖြစ်ကြောင်း ယခုလည်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ အသုံးပြုသည့် ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၃၃)၊ တောင်ရှေ့ကွင်းအတွင်းရှိ ဦးပိုင်အမှတ်(၆၆/၅)ရှိ တောင်သူ ဦးသန်းအောင်လုပ်ကိုင်ခဲ့သည့် လျော်ကြေးငွေတစ်ဧကလျှင် (၁၂၅၀၀၀၀၀/-)နှုန်းဖြင့် (၀.၈၃)မြေဧကအတွက် လျော်ကြေးငွေကျပ် (၁၀၃၇၅၀၀၀/-) (ကျပ်တစ်ရာသုံးသိန်း ခုနှစ်သောင်း ငါးထောင်တိတိ)ကို ဦးသန်းအောင် လက်ဝယ်အရောက် အသိသက်သေများရှေ့တွင် ပေးအပ်လက်ခံရယူကြကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက ရှင်းပြသည်။
ကိုထိန်၊KPD