ကျိန္တလီ ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ၊စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ နတ်သျှင်၊ရွှေဂူ၊ ရေးသာထားတဲ့ “အနာဂါတ်ကိုမျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးခိုင်မိုးမင်း (ရုပ်သံကျွမ်းကျင်-၃)က စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ များအား အသိပညာဗဟုသများ ထပ်ဆင့်မျှဝေဖြန့်ဖြူးပေးရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် ၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင် လူ့ဘောင်အဖွဲ့အစည်းတွင် ပြဿနာမျာကို ဉာဏ်ပညာအမျှော်အမြင် ပြည့်ဝစွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေး အတွက်စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူ ဒေါ်ခိုင်သဇင်က စာရေးဆရာ “နတ်သျှင်၊ရွှေဂူ၊” ရေးသာထားတဲ့ “အနာဂါတ်ကိုမျှော်တွေးပါ” စာအုပ်ထဲမှ “အနာဂါတ်ကိုမျှော်တွေးပါ” စာပိုဒ်ပါအကြောင်း အရာမှ ကောက်နုတ်ချက်များ၊ ဦးခင်မောင်ညိုက “ကျေးဇူးတင်တတ်ဖို့လိုပါတယ်” စာပိုဒ်ပါအကြောင်း အရာမှကောက်နုတ်ချက်များအား စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများနှင့် အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်မိုးမင်း (ပြန်/ဆက်)