ထန်းတပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ထန်းတပင်(ရန်ကုန်)၊    ဒီဇင်ဘာ    ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျတ်ဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၄)ရွာတို့အား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာတွင်လည်း ရန်ကုန်မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဘသိန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးမြတ်ကျော်သူက စီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင် ၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ဘူးသနွတ်ကျေးရွာအုပ်စု ရခိုင်စုကျေးရွာနှင့် ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု သင်အင်းကျေးရွာရှိ ကျေးရွာကော်မတီ ဥက္ကဋ္ဌများထံသို့ ကျေးရွာ(၁)ရွာလျှင် မြစိမ်းရောင် ရန်ပုံငွေကျပ်သိန်းသုံးရာစီနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်မည့် မြဂဲကျေးရွာအုပ်စု မြဂဲကျေးရွာ၊ ရိုးခွကျေးရွာအုပ်စု ရိုးခွကျေးရွာ၊ ရေဖြူ ကျေးရွာအုပ်စု အိုင်ကြီးကျေးရွာနှင့် မဲပလီကျေးရွာအုပ်စု ကျောင်းတိုင်ဆိပ်ကျေးရွာတို့ရှိ ကျေးရွာကော်မတီဥက္ကဌများထံသို့ ကျေးရွာ(၁)ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်းတစ်ရာစီကိုလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)