မရမ်းကုန်း ဒီဇင်ဘာ ၄
လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်တိုင်းတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်လည်း ဆေးထိုးစုရပ်များ သတ်မှတ်ကာ ဦးတည်အုပ်စုအလိုက် ဆေးထိုးနှံပေးလျက်ရှိသည်။
မရမ်းကုန်းမြို့နယ်အနေဖြင့် ယနေ့အထိ အသက် ၄၀ နှစ်နှင့်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေ စုစုပေါင်း (၅၁၂၉၈) ဦးရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆေးထိုး နိုင်ရန်နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ်ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)