တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

တိုက်ကြီး       ဒီဇင်ဘာ        ၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်း၊ ဗောဓိကုန်း ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်နေမှုများကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာန  ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော အဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား  အသက်ကယ်ကြိုးချည်နည်းနှင့် ပတ်သက်၍ အခြေခံကြိုးချည်နည်း ၊ ဆင့်ပွားကြိုးချည်နည်းများကို ကြိုတင်သရုပ်ပြ လေ့ကျင့်သင်ကြားပြသပေးခြင်း၊  တပ်ဖွဲ့ဝင်များ၏  အသက်ကယ်ကြိုး ချည်နည်းနှင့် ပတ်သက်၍ တတ်ကျွမ်းမှု ဆန်းစစ်ပြိုင်ပွဲများ ပြုလုပ်ကာ ဆုရရှိသူများကို ဦးစီးမှူး ဦးနိုင်ဦး နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။        

စန်းကလျာခိုင်(ပြန်/ဆက်)