အလုံမြို့နယ်၌ အသက်(၄၀)နှစ်အထက်  ပြည်သူ( ၂၇၅၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

အလုံ   ဒီဇင်ဘာ    ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့နံက် ၉ အချိန်က အသက်(၄၀)နှစ်အထက် ပြည်သူများ၊ ဝန်ထမ်းများအား (ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase(4) ထိုးနှံခြင်းကို နိုဝင်ဘာလ (၁၀)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိစုစုပေါင်း (၂၇၅၇) ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)