ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေပေးလျက်ရှိ

ရွှေပြည်သာ     ဒီဇင်ဘာ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထောက်ပံ့၍   မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့် ဝေပေးခြင်းကို နိုဝင်ဘာ (၅)ရက်နေ့မှ စတင်၍ ယနေ့အထိ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်(၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်ဖြန့်ဝေပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီချိန်က အမှတ်(၁၅) ရပ်ကွက်တွင် စုရပ်တစ်ခုလျှင် ဆန်အိတ် (၇၁၂) အိတ်နှုန်းဖြင့် စုရပ်(၅)ခု အတွက် ဆန်အိတ်(၃၅၆၀) အိတ်ကို ညနေပိုင်းအချိန်ထိ လက်လုပ်လက်စား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် ရွှေပြည်သာမြို့နယ် တွင် ရပ်ကွက်၊ ကျေးရွာ ပေါင်း(၂၇)ခုရှိရာ (၂၃)ခုတွင်  ဆန်များဖြန့် ဝေပေးခဲ့ပြီး  (၄)ခုသာ ဖြန့် ဝေရန်ကျန်ရှိနေပြီး အဆိုပါနေရာများသို့  အလှည့်ကျဖြန့် ဝေပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

အေးမိုး (ပြန်/ဆက်)