ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူအလှူရှင်များ ရွှေပြားသက်န်းတော်များကို ဆက်ကပ် လှူဒါန်းနိုင်

ရန်ကုန်    ဒီဇင်ဘာ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အများပြည်သူ ဘုရားဖူးများ အမြင်တင့်တယ် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အများပြည်သူ အလှူရှင်များအနေဖြင့် ရွှေပြားသင်္ကန်းတော်၊ ရွှေစင်ပြားများကို ဆက်ကပ်လှူဒါန်းနိုင်ကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ရွှေပြားသင်္ကန်းတော်များ အလှူခံခြင်းနှင့် ပတ်သက်၍ ယခုအခါတွင် ရွှေဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီဖြစ်ပြီး ဘုရားဖူး အများပြည်သူအလှူရှင်များအနေဖြင့် ရွှေစင်ပြားများ လှူဒါန်းလိုပါသဖြင့် အလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် ရွှေစင်တစ်ကျပ်သားလျှင် ငွေကျပ် ၁၆ သိန်း သတ်မှတ် အလှူခံမည့်အကြောင်း လျှောက်ထားခဲ့ရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက သင့်မြတ်ကြောင်း ဩဝါဒကထာများ မြွက်ကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)