ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း မက်စ် ကမ်းပိန်းဆောင်ရွက်

ရေး     ဒီဇင်ဘာ    ၃

မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန်ထိရောက်စွာ  ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း မက်စ် ကမ်းပိန်းကို ယနေ့နံနက် ၈နာရီက လူစည်ကားရာ နေရာများ၌ ဆောက်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါနှာ‌ခေါင်းစည်း မက်စ် ကမ်းပိန်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော် မတီဥက္ကဋ္ဌ ဦးကိုကိုဦး ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့(၄)ဖွဲ့ခွဲကာ ရန်ကြီးအောင်ရပ် ကွက်ရုံးရှေ့၊ မြသီတာဈေးရှေ့၊ ရန်မျိုး​အောင်ရပ်ကွက် အားကစားရုံ​ရှေ့၊ အောင်မင်္ဂလာရပ်ကွက် ရွာကလေးဈေး ရှေ့၊ သီရိ‌ခေမာရပ်ကွက် ဗိုလ်ချုပ်ဈေးရှေ့နှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက် ခဲ့ကြသည်။

ရေးမြို့နယ်အတွင်း နှာခေါင်းစည်းမက်စ် ကမ်းပိန်းပြုလုပ်ခြင်းကို အသိပညာပေးအနေဖြင့် ဆက်လက်ဆောင် ရွက်လျက်ရှိပြီး သတ်မှတ်ကာလကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်