သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်

သံတွဲ ဒီဇင်ဘာ ၃

ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။

အဆိုပါ Talk Show တွင် သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ကလေးသူငယ်များ ဆိုင်ရာအခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စိုးမြတ်သန္တာက ကလေးသူငယ် ဆိုင်ရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ရည်ရွယ်ချက် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးနေမှုဆိုင်ရာ များကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)