မံစီ ဒီဇင်ဘာ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)၌ ဒီဇင်ဘာ ၃ ရက် မွန်းလွှဲ ၃ နာရီက စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများကို စိတ်ဝင်စား ချစ်မြတ်နိုးလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အတွေးအခေါ်အမျှော်အမြင်များတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာအုပ် စာစောင်ပြပွဲတွင် ဗဟုသုတများ စွာရရှိစေမည့် သုတ၊ရသ စာအုပ်စာများကို ခင်းကျင်းပြသခဲ့ရာ ပြည်သူများ၊ ကျောင်းသားကျောင်းသူများတို့က စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်